အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ကျရောက်တဲ့ (၇၇) နှစ်မြောက် ရှမ်းအမျိုးသားနေ့အတွက် သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ (၇၇) နှစ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) မှာ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးကင်းလုံခြုံစွာ ရှိကြပါစေလို့ ဆုမွန်ကောင်းတောင်း ဖော်ပြထားပါတယ်။
ဒါအပြင် ပြည်သူတရပ်လုံး တောင့်တလျက်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝ အာမခံချက်ရှိ သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ်ကို အင်တိုက်အားတိုက် ဝိုင်းဝန်းဖော်ဆောင် နိုင်ကြပါစေကြောင်းလည်း သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်က ပြည်သူ့ထံမှ အာဏာကို လက်နက်မိုးပြီး မတရားသိမ်းယူရန်ကြိုးစားခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုင်းရင်းသားပြည်သူတရပ်လုံးက စုစည်းညီညာစွာ လက်ချင်းချိတ်ပြီး တွန်းလှန်တိုက်ထုတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်အဆုံးသတ်နိုင်ရန် အားကုန်ထုတ် ကြိုးပမ်းနေကြတဲ့ အချိန်အခါဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဲဒီလို အချိန်အခါမှာ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အပါအဝင် တိုင်းရင်းသားပြည်သူများအားလုံးက တစ်နိုင်ငံလုံးရှိ ပြည်သူ များနဲ့အတူ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲပြီး အကြမ်းဖက်စစ်ကောင်စီ ကို အပြီးတိုင်ဖယ်ရှားပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ တန်းတူညီမျှမှု ရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့အတွက် အတူလက်တွဲ ဆောင်ရွက်သွားကြရေးအတွက် လည်း သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။