ရန်ကုန်မြို့တွင် ဗကသများအဖွဲ့ချုပ်နှင့် North Dagon Oppressed People’s Strike Colition (NDOPSC) တို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကို အမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါစတစ်ကာများ ဖြန့်ဝေခြင်း၊ စာစောင်ပန်းဖလပ်များဖြန့်ဝေခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။