မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ကျောင်းဆရာတစ်ဦးကို စစ်တပ်က ဖမ်းဆီး လိုက်ကြောင်း သိရှိရပါတယ်။
အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူဦးချစ်ကိုကို ကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စစ်ကောင်စီက ရဲတပ်ဖွဲ့က အင်အားအများအပြားနဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဦးချစ်ကိုကို ဟာ စစ်ကောင်စီဝန်ထမ်းတွေ ကို CDM ပြုလုပ်ဖို့ လှုံဆော်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီး ခဲ့ဝာာဖြစ်ပါတယ်။
ဦးချစ်ကိုကို အား စစ်ကောင်စီက ချောင်းဆုံမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ရာဇသက်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် အရေယူဖို့ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံကသိရှိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးချစ်ကိုကိုအား စစ်ကောင်စီတပ်ထောက်ခံသူ လော်ဘီတွေရဲ့ တိုင်ကြားချက်ကြောင့် စစ်ကောင်စီ ရဲ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက မတရားစွပ်စွဲဖမ်းဆီးသွားတယ်လို့သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း မော်လမြိုင်မြို့က လူငယ်တစ်ဦးကို PDF သင်တန်းတက်ရောက်ထားတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။