စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒေသတွင်း ရေထုတ်မြောင်းများ တူးဖော်ခြင်း၊ လမ်းတံတားများတည်ဆောက်ခြင်းများကို ဒေသခံပြည်သူများနဲ့အတူ ကူညီ လုပ်ဆောင်ပေးခဲ့တယ်လို့ ကလေးမြို့နယ် ပကဖ-ဇုန် ၅ ထံမှ သိရပါတယ်။
ပကဖ အုပ်စု ၅ ရဲဘော်များနဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၈ ရက်မှာ စစ်ရေးတိုက်ပွဲမရှိတဲ့အချိန်မှာ ဒေသတွင်း လူထုအကျိုးပြုလုပ်ငန်းများမှာ ပါဝင်ကူညီလုပ်ဆောင် ပေးခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။