အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတဲ့ အနုပညာရှင်/အတက်ပညာရှင် များနဲ့ နောက်ကွယ်မှ ကူညီထောက်ပံ့စေခိုင်းသူများအားလုံးကို စုံစမ်းဖော်ထုတ်ပြီး လက်တွေ့ကျကျ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်အသိ ပေးလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့ က ဖေဖော်ဝါရီ ၈ ရက်စွဲနဲ့ မြန်မာနိုင်ငံ ရုပ်ရှင် ၊ ဂီတ ၊ သဘင်အစည်းအရုံးတို့နဲ့ အခြားအနုပညာ ရပ်ဝန်းမှ အနုပညာရှင်/အတက်ပညာရှင်များသို့ အသိပေးကြေညာခြင်း ထုတ်ပြန်ချက်မှာ အခုလို ထည့်သွင်းဖော်ပြလိုက်တာပါ။
မြန်မာနိုင်ငံ ရုပ်ရှင် ၊ ဂီတ ၊ သဘင်အစည်းအရုံးတို့အပြင် အခြားအနုပညာရပ်ဝန်းမှ လူပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း ၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း ၊ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ အပေါင်းပါများ ၊ ယင်းတို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်များနဲ့ စီးပွားရေးလုပ်ငန်းများ ၊ အမည်ပျက် စာရင်းသွင်းထားတဲ့ လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများတို့မှာ ပူးပေါင်းပါဝင်တာ ၊ အာပေးကူညီ ထောက်ပံ့တာ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့အတွက် ပြည်သူ့ရဲတပ်ဖွဲ့က အသိပေး တိုက်တွန်းထား ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ အပေါင်းပါတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်များကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီးထောင်ချတာ ၊ ခြိမ်းခြောက်တာ ၊ အိုးအိမ် စည်းစိမ်များကို ချိတ်ပိတ်သိမ်းဆည်းတာ ၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ မတရားနှိပ်စက် မှုများ ရှိတဲ့ခဲ့အပြင် အသက်စွန့်လွှတ်ခဲ့ရတဲ့ အနုပညာရှင်များ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။