နာမည်ကြီး ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ယနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ပြုလုပ်ခဲ့သည့်သပိတ်၌ “ တော်လှန်မှာလား ကျွန်ခံမှာလားကြိုက်တဲ့လမ်းကိုရွေး” ဟု မေးခွန်းထုတ်လိုက်သည်။
တနိုင်ငံလုံးကပြည်သူများကို မေးခွန်းထုတ်ခြင်းဖြစ်သည်ဟုလည်း သပိတ်တွင်ပါဝင်သူအချို့ကပြောသည်။
ဖားကန့်မြို့ပေါ်ရပ်ကွက်များသို့ ပြည်သူလှည့်လည်ခဲ့သည့်ယနေ့သပိတ်တွင် “ တော်လှန်မှာလား ကျွန်ခံမှာလားကြိုက်တဲ့လမ်းကိုရွေး” ” တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတို့သည် ငါတို့မြေ၌ တည်ပါစေ”ဟု ရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ပြည်သူ( ၁၀၀ )ဝန်းကျင်ပါဝင်ခဲ့ကြပြီးအားလုံးဘေးကင်းကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူအချို့ကပြောသည်။