ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်း တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သော စစ်သင်္ဘော တစ်စီးကို AAက ထုတ်ပြန်လိုက်သည်။
အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မင်းပြားမြို့နယ် လေးမြို့မြစ် (ရာမောင်မြစ်) အတွင်း သွားလာနေသော စစ်သင်္ဘော ၁ စီးကိုလည်း ရက္ခိုင့်တပ်တော် AA က ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီး ကုလားတန်မြစ်အတွင်း သွားလာနေသော စစ်ကောင်စီ စစ်ဘက်သုံးရေယာဉ် ၃ စီးကို တိုက်ခိုက်ဖျက်ဆီးကာ ရေအောက် နစ်မြှုပ်ပစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။