ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးကို ယနေ့ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် ပြန်ပို့ပြီဖြစ်ကြောင်း Dhaka Tribune သတင်းဌာနက သတင်းဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာဘက်မှ တွေ့ဆုံမှုအပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်အဖွဲ့က မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း ၊ ယင်းနောက် ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကော့ဘဇားရှိ ဘင်္ဂလားဒေ့ရှ် ရေတပ်ဆိပ်ခံတံတားသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
AA ၏ တိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီ ၄ ရက်မှ ၇ ရက်နေ့ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။