ဖေဖော်ဝါရီ (၇/၈) ရက်နေ့များက ကျောက်တော်မြို့နယ်၊ ကုလားမြစ်အတွင်း ရက္ခိုင့်တပ်တော်က တိုက်ခိုက်၍ နစ်မြုပ်သွားခဲ့သည့် နေဗီ (၃) စီးပေါ်မှ ရေကူး ထွက်ပြေးလာကြသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ရက္ခိုင့်တပ်တော် (AA) က ရှာဖွေ ကူညီကယ်ဆယ်ပေးနေသည့် ရုပ်သံဖိုင် ဖြစ်ပါသည်။
စစ်လော်ဘီများ ထုတ်လွင့်နေသလို ရေကူးထွက်ပြေးလာသူများအား ရက္ခိုင့်တပ်တော်နှင့် အရပ်သားများက ဓားဖြင့် ခုတ်သတ်ပစ်ခဲ့သည်ဟု စွပ်စွဲပြောဆိုနေကြသည်မှာ ဟုတ် မဟုတ်ကို ယခုရုပ်သံဖိုင်ကို ကြည့်၍ သိနိုင်ပါသည်။
ရက္ခိုင့်တပ်တော်၏ မိမိရန်သူအပေါ်မှာတောင်မှ မည်ကဲ့သို့ စိတ်သဘောထားရှိသည်ကို ယခုဖိုင်ကိုကြည့်၍ နားလည်သဘောပေါက်နိုင်ပါသည်။
ကမ်းသို့ရေကူးလာသည့် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ (ကြည်း/၂၇၉၈၈) အသက် (၅၁) နှစ်အားလည်း AA ရဲဘော်များက ကယ်တင်ခဲ့သဖြင့် အသက်ချမ်းသာရာရခဲ့သည်ဟု သိရှိရပါသည်။