အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ပြည်သူ့ခုခံတော်လှန်စစ်သတင်းအချက်အလက်တွေကို ထုတ်ပြန်လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက် တစ်ရက်တည်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ၇၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တွေက ဒရုန်းနဲ့ ဗုံးကြဲတာ ၊ မင်းကင်း မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို PDF တွေက တိုက်ခိုက်သိမ်းပိုက်တာ ၊ မြင်းမူမြို့ နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တွေက တိုက်ခိုက်တာ ၊ မြိုင်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တွေကို တိုက်ခိုက်ခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
ဒါအပြင် ရှားတောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့စခန်းကို PDF တွေက တိုက်ခိုက်သိမ်းပိုက်တာ၊ ကော့ရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားတာနဲ့ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNA နဲ့ PNLA တို့ အကြား တိုက်ပွဲတွေက ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထု တစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကို မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် အခုထုတ်ပြန်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သေဆုံး ဒဏ်ရာ ရတဲ့စာရင်းက မြေပြင်မှာ ယခုထက်ပိုမိုနိုင်တယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။