ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ မနေ့ညက ထိုင်းသွားမယ့် လူငယ်အသက် ၁၇၊ ၁၈ ဝန်းကျင် အယောက် ၃၀၀ ခန့် ဖမ်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါလူငယ်တွေ ဘယ်ဒေသတွေကဆိုတာ မသိရပေမယ့် အချို့လဲ Express ကားတွေပေါ်ကဆွဲချဖမ်းဆီးခံရတာဖြစ်ပြီး ညတစ်ညလုံး ဒေသဝန်းထဲ စစ်ကြောရေးလုပ်ပြီး ဒီနေ့တော့ ဟိုပုံးမြို့ထဲ သာသနဗိမာန်မှာ ဆက်စစ်နေတယ်လို့ပြောပါတယ်။
မနေ့က ဟိုပုံးမြို့နယ်၊ ကျောက္ကချား တပ်နဲ့ PNO တွေ အထိနာသွားပြီးနောက်နောက်စည်းကျိုးသွားပြီဖြစ်တယ်ဆိုပြီး ဌာနဆိုင်ရာတွေကိုပစ္စည်းတွေ သိမ်းခိုင်းနေတာကြောင့် မြို့နေလူထုအချို့ အထုပ်အပိုးတွေပြင်ထားကြသလို အချို့လည်း တောင်ကြီးကို ကြိုတင်ရှောင်နေကြပြီလို့ သိရပါတယ်။
ကျောက္ကချားရွာ ဟိုပုံးအရှေ့ဘက် ၁၂ မိုင်ခန့်သာကွာဝေးလို့ တိုက်ပွဲတွေ အရှိန်မြန်မြန်နဲ့ရောက်လာမှာ၊ လက်နက်ကြီးတွေ ပစ်ခတ်လာမှာကို မြို့နေလူထု စိုးရိမ်ကြောက်လန့်နေကြတာပါ။
ပအိုဝ်းအထူးဒေသက ဆီဆိုင်၊ ပင်လောင်းမှာ တိုက်ပွဲတွေပြင်းထန်လာတဲ့နောက် ဟိုပုံးကို စစ်ရှိန်မြင့်တက် ကျယ်ပြန့်လာနေတာဖြစ်ပါတယ်။