အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ကြေညာပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသည့် လူငယ် ၃၀၂ ဦးရှိလာကြောင်း၊ အဆိုပါ လူငယ်များကို တပ်သားသစ် စုဆောင်းမှုအဖြစ် ခေါ်ယူသွားခြင်းဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ပေါ်တာဆွဲခံရမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။