ကရင်နီပြည်နယ်၊ ရှားတောမြို့သိမ်းတိုက်ပွဲတွင် ဒရုန်းတိုက်ခိုက်ရေးအဖွဲ့က မစ်ရှင်ရာချီပါဝင်တိုက်ခိုက်ခဲ့ရပြီး စစ်တပ်က တိုက်ပွဲအတွင်း ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့ကာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိထားကြောင်း လွိုင်ကော်PDF က သတင်းထုတ်ပြန်သည်။
ကရင်နီပြည်၊ ရှားတောမြိုနယ်အတွင်းတွင် နှစ်ပေါင်းများစွာ အခိုင်အမာတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအားလုံးကို Loikaw PDF အပါအဝင် KA / KNDF တို့ ၁ လတာတိုက်ပွဲများအတွင်း အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲကာလတစ်လျှောက်လုံးတွင် အကြမ်းဖက်စစ်ကောင်စီ ရာထူးအဆင့်ဆင့်မှ အယောက် ၁၆၀ ကျော်ကို သေဆုံးခဲ့ပြီး လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက်၊ ဆက်သွယ်ရေးစက်များ၊ စစ်ကောင်စီယာဉ်များ၊ ခဲယမ်းကျည်ဆံများ စသည့် အသုံးအဆောင်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
Loikaw PDF က ကရင်နီပြည်နယ်၊ မယ်စဲ့မြိုနယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးကို ဦးတည်ပါဝင်ခဲ့ကြောင်း၊ ရှားတောမြိုသိမ်းတိုက်ပွဲတွင်လည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့ပြီး Loikaw PDF ၏ ဒရုန်း တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြိုသိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ယခု ရှားတောမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့နေအိမ် ၅၀ ဝန်းကျင်ကို ဖျက်ဆီးခဲ့ပြီး အရပ်သား ၇ ဦးထပ်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကို ရာချီ ကျူးလွန်ခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ချို မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရှိရသည်။