စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်အကြား အုမ္မကျေးရွာအနီးကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချသွားကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ဝန်းကျင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းဖြစ်ကြောင်း၊ တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချသွားကြောင်း၊ ထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း မြေပြင်သတင်းရင်းမြစ်က ဆိုသည်။
“တိုက်ပွဲဖြစ်တာမရှိဘူး၊ဒီအတိုင်း တိုက်လေ ယာဉ်နဲ့ ဗုံး ၃ လုံး ကျဲချသွားတာ”ဟု မြေပြင်သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေနေအသေးစိတ်ကို စီစစ်နေဆဲဖြစ်ပြီး လတ်တတော အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး ပျူစောထီးစခန်းတချို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။