ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သောက်ရေခပ်နှင့် ယာဒိုရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဓနုဒရုန်းတပ် – Danu Drone Force ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သောက်ရေခပ် နှင့် ယာဒိုတွင်ရှိသော အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းများကို Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ သောက်ရေခပ်တွင်ရှိသော စစ်ကောင်စီအထိုင်စခန်းမှ ဒုရင်းမှုးတစ်ဦးဒဏ်ရာရရှိပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယာဒိုစစ်ကောင်စီစခန်းတိုက်ခိုက်မှုတွင် လက်နက်တိုက် အဆောက်အဦးတစ်ခု မီးလောင် ပျက်စီးပြီး လာရောက်မီးငြိမ်းသည့် စစ်ကောင်စီတပ်သားများကိုလည်း Drone ဖြင့် ထပ်မံဗုံးကျဲ တိုက် ခိုက်ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓနု ဒရုန်းတပ်-DANU Drone Force ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ ဖျက်မြင်းစစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓနု ဒရုန်းတပ်-Danu Drone Force တပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် Cherry Land ဆိုသည့် Project ပြုလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ငွေကျပ် ၅၀၀၀ မှစတင်၍ တတ်နိုင်သမျှ ကူညီ ပေးကြပါရန် ဓနု ဒရုန်းတပ်-DANU Drone Force သတင်းနှင့်ပြန်ကြားရေးက မေတ္တာရပ်ခံထား သည်။