ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတား၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပုဝါနီ စစ်ကြောင်းထံမှ သိရသည်။
ယနေ့ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၆ နာရီအချိန်တွင် ရေတာရည်မြို့နယ်၊ ကျွဲရိုင်းပြင်စစ်တောင်း မြစ်ကူးတံတား၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၁ နာရီ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် ရိုးမစစ်ကြောင်းနှင့် တပ် ရင်း ၃၅၀၁ တပ်ခွဲ ၄ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှ ကျေးရွာများကို စစ်ကြောင်းထိုး လုယက် သောင်းကျန်းနေသော အကြမ်းဖက် စစ်အုပ်စုကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ရေဦးမြို့နယ် အနောက်ခြမ်းရှိရွာများကို စစ် ကြောင်း ထိုးလုယက်သောင်းကျန်းနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဇဝရွာမှ ဝက်ဖိုး ရွာသို့ ဖြတ်ကူးသည့်အချိန်၌ ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့ဝင်များမှ Fixed-wing Drone ၂ စီးဖြင့် ဗုံးသီး ၄ လုံးချ၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုများကို စုံစမ်းဆဲဖြစ် ကြောင်း သိရသည်။