နော်ဝေနိုင်ငံ Froland တွင် ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါပွဲကို NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ CRPH Support Group, Norway ၏ အထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်း၊ Froland မြို့တော်ဝန် ၊ Grimstad မြို့တော်ဝန်ဟောင်း၊ Froland မြို့မိ မြို့ဖများ၊ တိုင်းရင်းသားပေါင်းစုံမှ ညီအစ်ကိုများနှင့် နိုင်ငံခြားသား ဧည်သည်တော်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရှိရသည်။