အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည် ဖော်မှုမှာ ပါဝင်ရန်မလိုဘဲ နိုင်ငံရေး အံတုမှုလုပ်ငန်းများဖြင့် ဆက်လက်ဆန့်ကျင်ကြရန် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှ ဒီနေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့တာပါ။
ဆက်လက်ပြီး ပြည်သူများအနေဖြင့် တော်လှန်ရေး အဖွဲ့အစည်း များမှာပါဝင်ပူးပေါင်း ဆောင်ရွက် နိုင်ပြီး၊ အချင်းချင်း အကာအကွယ် ပေးရေး အပါအဝင်၊နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ဆောင်မှုများမှာ တုံပြန်လုပ်ဆောင်ကြရန်လည်း တိုက်တွန်း ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းမှ သာလျှင် ဖက်ဆစ် စစ်တပ်မှ ပြည်သူကို နည်းမျိုးစုံနဲ့ ညှင်းပန်း၊နှိပ်စက် ၊ဖိနှိပ် ၊ အုပ်ချုပ် ၊သွေးခွဲ ၊သတ်ဖြတ်နေမှုများ နဲ့ နိုင်ငံအား စစ်တလင်း အဖြစ် ဖန်တီးနေမှုများ အဆုံးသတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မျိုးဆက်သစ်လူငယ်များ နည်းပညာခေတ်နဲ့အညီ တီထွင်ဖန်တီး နိုင်စွမ်းများကို အသုံးချကာ၊ ရန်သူစစ်တပ်ရဲ့ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့်ဆန်ကျင်ရန် တိုက်တွန်းလိုပြီး၊ KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ကိုယ်နဲ့ သက်ဆိုင်ရာ ကဏ္ဍများမှာ တတ်စွမ်း သမျှ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။