မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ယောဒေသအတွင်းရှိ (LDF) ဒေသကာကွယ်ရေးတပ်ဖွဲ့ နဲ့ (YPDF) ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မှ တာဝန်ရှိသူများ ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့တယ်လို့ ယောဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။
ယောဒေသအတွင်းမှာ စစ်ရေး၊ နိုင်ငံရေးအရွေ့ကို အရင်ကထက် ပိုမို တိုးတက်ကျစ်လစ် လာစေရေးကို ဦးတည်ကာ ဖေဖော်ဝါရီ ၁၀ ရက်မှာ (YDF) ယောဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) မှာ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဆိုပါ တွေ့ဆုံပွဲမှာ အပြန်အလှန်မိတ်ဆက်တာ၊ တပ်ဖွဲ့အလိုက် စစ်ရေး၊ နိုင်ငံရေး ရည်မှန်း ချက်များ ဆွေးနွေးတာ၊ လက်ရှိ လုပ်ဆောင်နေမှုများကို ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံရေးအရွှေ့အပြောင်းအရ ယောဒေသအတွင်းက တော်လှန်ရေးတပ်ဖွဲ့များ စုစည်းညီညွတ်ကြ ရန်လိုအပ်လာပြီဖြစ်ကြောင်းကို အထက်ပါ ဆွေးနွှေးပွဲသို့ တက်ရောက်လာတဲ့ တပ်ဖွဲ့ကိုယ်စားလှယ် များက ရှင်းလင်းဆွေးနွေးခဲ့ကြကာ၊ နောက်ထပ်တွေ့ဆုံပွဲများကို ဆက်လက်ပြုလုပ်သွားမှာဖြစ် တယ်လို့လည်း အသိပေးထုတ်ပြန် ထားပါတယ်။