စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် မီးဘေးသင့် ရေရှည်စစ်ဘေးရှောင်များထံကို စားနပ် ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံမှ သိရပါတယ်။
ပြည်တွင်း၊ပြည်ပအလှူရှင်များရဲ့လှူဒါန်းမှုကို လက်ခံကာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မီးဘေးသင့် ရေရှည် စစ်ရှောင်ပြည်သူများထံသို့ ပဲငပိခြောက်ထုပ် နဲ့ ကာဘော်လစ် ဆပ်ပြာခဲများကို စစ်ကိုင်းပြည်သူ့ဖေးမကူကွန်ရက်အဖွဲ့ဝင်ဖြစ်တဲ့ အမေ့ခြေရာ ပရဟိတ အသင်းမှ သွားရောက် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်သို့ လာရောက်လှူဒါန်းပေးတဲ့ အလှူရှင်အပေါင်းကို ကျေးဇူး အထူးတင်ရှိပြီး၊ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူများသို့ လှူဒါန်းလိုပါက Wave Pay ၊Kpay၊ NUG Pay၊ Thai ACC တို့မှလည်း ပေးပို့လှူဒါန်းနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။