မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား များ ပစ်ခတ်ခံရပြီး ၁ ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၄ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ သုံးတောင်ကျေးရွာမှ ဆိုင် ကယ် ၄ စီးဖြင့် ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရွာသာအေးကျေး ရွာအရောက် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။