တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှစ်ငါးလုံးလူထုလှုပ်ရှားမှု သုံးနှစ်ပြည့်ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ညသပိတ်ကို တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗမာ့လူငယ်ကွန်ရက်(Bama Youth Network)နဲ့ လူသားချင်းစာနာကူညီရေးအဖွဲ့က ဦးစီးလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသပြည်သူ ၃၀၀ ခန့်ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။