တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် များရဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့စစ်ရှောင် ပြည်သူ့ နေအိမ် (၁၂၅) လုံးအတွက် ငွေကြေး ထောက်ပံ့ ပေးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၄ ဇန်နဝါရီလအတွင်း မီးရှို့ဖျက်ဆီးခံ မီးဘေးသင့်စစ်ရှောင်နေအိမ် ၁ လုံးစာအတွက် ငွေကျပ် ၁ သိန်း ပေးခဲ့ပြီး၊ နေအိမ် ၁၂၅ လုံးအတွက် ငွေကျပ် ၁၂၅ သိန်းထောက်ပံ့ပေး ခဲ့တယ်လို့ လောင်းလုံပကဖမှ ဆိုပါတယ်။
လောင်းလုံ ပကဖရဲ့ စစ်ဘေးရှောင်စီမံရေးမှ စစ်ပြဲကျေးရွာမှ နေအိမ် ၁၀ လုံး၊ လေးသွန်းခံကျေးရွာမှ နေအိမ် ၁၄ လုံး၊ သပြေရှောင် ကျေးရွာမှာ နေအိမ် ၄ လုံး၊ ဟင်းချိတောကျေးရွာမှ နေအိမ် ၄ လုံး၊ရေဖြူမြို့နယ်မှာ နေအိမ် ၁ လုံး၊ သကျက်တောကျေးရွာမှာ နေအိမ် ၃လုံး၊ ညောပြင်ကျေးရွာ နဲ့ အောက်ကျောက်ဝပ်ကျေးရွာ မှာ နေအိမ် ၈၉ အိမ် စုစုပေါင်း နေအိမ် ၁၂၅ လုံးအတွက် ကျပ်သိန်း ၁၂၅ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။