ရွှေဗန့်ဂျီ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ဆားလင်းကြီးရေစကြိုမြို့နယ် အစပ်က ကျေးရွာ၁၅ရွာကို ဆိုင်ကယ်နဲ့ လှည့်လည်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
“စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပေါ်တာမဆွဲခံရအောင် လိုက်လံနှိုးဆော်ခဲ့တာပါ” လို့ သပိတ်မှာပါဝင်သူတစ်ဦးကပြောပါတယ််။
ဆန္ဒပြ အညာမြေ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ကပူပေါင်းပါ၀င်အားဖြည့်ခဲ့ပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြ သပိတ်ကိုနေ့ စဉ်ပြု လုပ်နေကြပါတယ်။