အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် “ဖက်ဆစ်စစ်မှု့ထမ်းဥပဒေကို ဆန့်ကျင်ကြ၊ လူထုအားနဲ့ တိုက်ဖျက်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် ကမ္ဘာလုံးဆိုင်ရာသံပုံးတီး လူထုလှုပ်ရှားမှုကြီးကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ သပိတ်တိုက်ပွဲတွင် မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှု့ကော်မီတီ(မြောက်ပိုင်းကယ်လီဖိုးနီးယား) Free Burma Action Committee-Northern California ၏ ၁၂၅ ကြိမ်မြောက် မြေပြင်လူထုသပိတ်နှင့် အတူ မြောက်ပိုင်းကယ်လီဖိုးနီးယားအင်အားစုများဖြစ်ကြသည့် တိုင်းရင်းသားအင်အားစုများ၊ ဗကသများအဖွဲ့ချုပ်(ဆန်ဖရန်စစ္စကို)၊ Save Myanmar၊ Alliance Democracy for Myanmar နှင့် ကျောင်းသားပြည်သူ ထောက်ပို့အင်အားစုများမှ ပူးပေါင်းပါဝင်ကာ ချီတက်ပွဲကိုလည်း တပြိုင်တည်း ဆင်နွှဲခဲ့ကြသည်။