ပြင်သစ်နိုင်ငံ အောက်လွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့်အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင် တို့အဖွဲ့သည် ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့၏ ဥက္ကဌ၊ အောက်လွှတ်တော်အမတ် Mr. Alain David နှင့် ဒုဥက္ကဌ အောက်လွှတ်တော်အမတ် Mrs. Anne Genetet တို့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများနှင့် ဆက်လက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြင်သစ်နိုင်ငံက ပါဝင်ကူညီနိုင်သော အခန်းကဏ္ဍများကို ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။