အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “စစ်ရေးတင်းမာနေချိန် နေရာတိုင်းဟာ စစ်မြေပြင်ပါပဲ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဟာ အထူးသတိရှိ တော်လှန်ကြဖို့လိုပါသည်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။