တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့က နေအိမ်တွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထိဟာ မြို့ခံတွေရဲ့ ဆိုင်ကယ် အစီး ၄၀၀ ကျော်ခိုးခံရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
” ကျွန်တော် အိမ်ကဆိုင်ကယ် ၂ စီးပါသွားတယ် အဲ့နေ့တွေရဲ့ ခိုးခံရတဲ့ဟာပဲ ပါသေးတယ် နောက်ပိုင်းက မသိရတော့ဘူး ။ အိမ်းကြီးတွေကို ထိုးဖောက်ဝင်မွေးပြီး တံကာတွေမပိတ်တော့ သူးခိုးတွေက ထက်ဝင်ခိုး ရေခဲသတ္တာတွေ၊ အဝတ်လျှော်စက် ဘာတစ်ခုမှ မရှိတော့ဘူး။ ” လို့ ပြောပါတယ်။
မြို့ပေါ်အိမ်အများစုဟာ တိုက်ပွဲကြောင့် ပျက်စီးနေကာ အကောင်းအတိုင်းကျန်ခဲ့တဲ့ အိမ်တွေက ပစ္စည်းတွေ ခိုးယူခံနေရပြီး အများစုကတော့ ပစ္စည်းတွေသယ်ပြီး မြို့ကိုစွန့်ခွာသွားကြပြီလို့ ဆိုပါတယ်။
” ကျွန်မတို့ဆိုင်က သေးသေးပဲဖွင့်ထားတာ ဦးလေးတွေက ပစ္စည်းပြန်သိမ်းတာ ဆိုင်မီးလောင်ကျပြီးတဲ့ ပစ္စည်းတွေက သူခိုးတွေအကုန်ယူသွားပြီးမှ မီးရှို့လိုက်တာတဲ့။ တိုက်ပွဲက ကျွန်မတို့ရပ်ကွက်က လက်နက်ကြီးမှမကျတာ ” လို့ပြောပါတယ်။
အဆိုပါမြို့ထဲမှာ စစ်ကောင်စီတပ်စွဲတာကြောင့် လက်နက်ကြီးမထိတဲ့အိမ်ရှင်တွေဟာ နေရပ်မပြန်ဘဲ မြို့အစွန်ကျေးရွာတွေနဲ့ မန္တလေး၊ ကျောက်မဲစတဲ့မြို့တွေမှာ ထွက်ပြေးခုံလှုံနေတယ်လို့ ဆိုပါတယ်။
မိုးမိတ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ ဇန်နဝါရီလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီး မြောက်ပိုင်းတိုင်း တိုင်းမှူးဆီ အာဏာလွှဲတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။