စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက် တိုက်ခိုက်ခဲ့သည်။
ယမန်နေ့ (မတ်လ ၂ရက်) နံနက် ၉နာရီခွဲခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် ဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၄၅မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် သုံးဦး သေဆုံးသည်ဟု တော်လှန်ရေးအင်အားစုများကဆိုသည်။
“ဂိတ်တဲထဲက စခ သုံးကောင် မျက်မြင်သေတယ်။ လက်နက်သွားကောက်မယ်အလုပ် ဂိတ်တဲနောက်က ပစ်လို့ ပြန်ဆုတ်ခဲ့တာ။”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို B.N.R A စေတန်အဖွဲ့၊BNRA. ထွန်းတောက်ကြယ်၊ မုံရွာခရိုင် တပ်ရင်း ၁၇ (တပ်ခွဲ – ၃)၊ မုံရွာUnderground၊
ဆားလင်းကြီး မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့သေးသည်။