မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE pakokku မှ ဗိုလ်မြွေဟောက်က ပြောဆိုသည်။
မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ထိခိုက်မှု ရှိတယ်လို့တော့ သတင်းရထားပါတယ်။ ဘယ်နှကောင် ထိတယ်ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး”ဟု ဗိုလ်မြွေဟောက်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ- Rocket တပ်ဖွဲ့များနှင့်အတူ COBRA ONE pakokku ၊ Tar Tay pku၊ စနေမင်း မြိုင် ၊ BA Nyein၊ နှလုံးလှလူမိုက်တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။