ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ဥက္ကဌ နာမည်နဲ့ Facebook ပေါ်မှာ သတင်းတွေတင်နေတဲ့ အကောင့်ဟာ အကောင့်တုသာဖြစ်ကြောင်း PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
“ကျနော့်ဓာတ်ပုံကို သုံးထားတာပါ။ ကျနော်က Khun Myint Tun လို့ပေါင်းပါတယ်” လို့ ခွန်မြင့်ထွန်းက မဲခေါင်ကို ပြောပါတယ်။
မတ်လ ၃ ရက်စွဲနဲ့ Hkun Myint Htun နာမည်ပါ Facebook အကောင့်ကနေ PNLA PNDF နဲ့ မဟာမိတ်အဖွဲ့ ထမ်းယမ်းရွာမှာ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီမှလက်နက်ကြီးနဲ့တိုက်ခိုက်ခံရပါတယ်လို့ တင်ထားတာဟာ PNFC ဥက္ကဌ ခွန်မြင့်ထွန်းက သူမဟုတ်ကြောင်း ပြောပါတယ်။
အဲဒီဖော်ပြချက်ပါ စစ်ကောင်စီက လက်နက်ကြီးနဲ့တိုက်ခိုက်တာကတော့ မှန်ကန်ပေမယ့် အစည်းအဝေးမှာ သူမပါဘူးလို့ ဆိုပါတယ်။
အဲဒီအကောင့်ဟာ PNLA လှုပ်ရှားမှုနဲ့ ပုံတွေကို ဖော်ပြနေတာတွေ့ရပြီး စစ်ရှောင်သတင်းတွေ၊ ကျဆုံးတပ်ဖွဲ့ဝင် ပုံတွေကို တင်ထားတာ တွေ့ရပါတယ်။
PNFC ဥက္ကဌ ခွန်မြင့်ထွန်းဟာ အရင်က PNLO ဥက္ကဌတာဝန်ကို ယူခဲ့သူဖြစ်ပြီး လက်ရှိမှာ ဥက္ကဌတာဝန်ကို ခွန်သူရိန်ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။
ခွန်မြင့်ထွန်းဟာ PNLO က နှုတ်ထွက်ပြီး PNFC ကို တည်တောင်ကာ ဥက္ကဌတာဝန်ကိုထမ်းဆောင်နေသူဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်အာဏာရှင် တိုက်ပွဲမှာ PNLAနဲ့အတူ ပူးတွဲ လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။