ဘုတလင်မြို့နယ်ရှိ ကျေးရွာတချို့ကို ကျောင်းသား လက်ရုံးတပ်တော် ဆေးအဖွဲ့က သွားရောက်ပြီး ဒေသနေ ပြည်သူ ၁၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းသားလက်ရုံးတပ်တော် – SAF အခြေစိုက်ရာ စစ်ဒေသများရှိ ပြည်သူလုထုများကို ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။