မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အကျဥ်းထောင်အား မွန်တော်လှန်ရေး မဟာမိတ် အဖွဲ့က Fixed-Wings နည်းပညာ အသုံးပြုပြီး Dropped Bomb အသံ ဗုံး ၂ လုံးဖြင့် ခြိမ်းခြောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျိုက်မရောအကျဥ်းထောင်အား မတ် ၄ ရက်က Fixed-Wings နည်းပညာ အသုံးပြုပြီး Dropped Bomb အသံဗုံး ၂ လုံးဖြင့် အသံပေးခြိမ်းခြောက် တိုက်ခိုက်ခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီ ဘက်တော်သားများကို အချိန်မရွေး ဝေဟင်မှ ဝင်ရောက် တိုက်ခိုက် နိုင်တယ်ဆိုတာကို သတိပေး လိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အကျဥ်းထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားများကို တော်လှန်ရေး တပ်သားများရဲ့ လုပ်ဆောင် နိုင်စွမ်းများ တနေ့ထက်တနေ့ ပိုမိုတိုးလာနေပြီး၊ တော်လှန်ရေး အဟုန် ဆက်လက်မြင့်တက်နေတာကို သတင်းစကားပါးလိုတယ်လို့လည်း ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂဠုန်စစ်ကြောင်း၊ Spring UAV Force -G3 ဒရုန်းတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အသိပေး ထုတ်ပြန် ထားပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) မှာ မကြာခင်အချိန်က TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးထံ စစ်ပညာသင်ယူခဲ့ပြီး၊ ရှမ်းမြောက်ညီနောင် ၃ ဖွဲ့နဲ့ မဟာမိတ် တည်ဆောက်ထားတဲ့အဖွဲ့ဖြစ်ကာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက် ရေး)မှာ မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာကာ အကြမ်းဖက်စစ်ကောင်စီကို နွေဦးတော်လှန်ရေး အင်အားစု ၊တိုင်းရင်းသားအင်အားစုတွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။