မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီက စစ်ဘေးရှောင်တစ်နေရာသို့ စားနပ်ရိက္ခာ သွားရောက်ကူညီထောက်ပံ့ရင်း စစ်ဘေးရှောင်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တော်လှန်ရေးအခြေအနေများ ရှင်းလင်းတင်ပြပြီး ပြည်သူလူထုအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အတူလက်တွဲကာ အာဏာရှင်စနစ်ဆိုးမှန်သမျှကို တော်လှန်တိုက်ဖျက်ကြရန် စည်းရုံးဟောပြောခဲ့ကြသည်။