စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် ကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ မတ်လ ၇ ရက် နံနက် ၇ နာရီ ၄ မိနစ်အချိန် အရာတော်မြို့နယ် အမတ ၃၆၉ တပ်မှ စခတ အမှတ် ၁၀ တပ်သို့ သွားရောက်သည့် ခြေလျင်စစ်ကြောင်းကို ကာကွယ်ပေးရန် ကန်ပေါ်ရွာ၏ အ နောက်ဘက် ဖိုးသာကျော်ကန်အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၈ ဦးကို ပဒေသာ မိုင်း ၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်း အထန် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ သေဆုံးဒဏ်ရာရ စစ်သားများကို အရာတော်မြို့နယ် စခတ အမှတ် ၁၀ တပ်ထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင် ပကဖ နှင့် လင်းယုန်တပ်ဖွဲ့တို့မှ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာကို ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ် လွယ်အိတ်၊ ကျည်ဆံများနှင့် ရိက္ခာအချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။