ရှမ်းပြည်တောင်ပိုင်း၊ အင်လေးကန်မှ ဖယ်ခုံမြို့ကို စီးဆင်းနေတဲ့ ဘီလူးချောင်းအတွင်း အများပြည်သူ တွေ ညအချိန်သွားလာတာတွေကို ပိတ်ပင်လိုက်တယ်လို့ အင်းလေး ၁၀၀၉ IPDF ၊ ဖယ်ခုံ တပ်ရင်း ၁၀၀၂/၁၀၀၆နဲ့ ရှမ်းတောင်ဗျူဟာတပ်ရင်းတွေက ဒီနေ့ မတ် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖယ်ခုံနယ်စပ်နဲ့ ပင်လောင်းနယ်စပ်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှု ရှိလာတာတွေကြောင့် အများပြည်သူ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဘီလူးချောင်းအတွင်း စက်လှေတွေ သွားလာတာနဲ့ ညအချိန်ငါးရှာတာတွေကို ည ၆နာရီကနေ မနက် ၆ နာရီအထိ ပိတ်ပင်တယ်လို့ ဆိုပါတယ်။
ပိတ်ပင်လိုက်တဲ့နေရာကတော့ ဘီလူးချောင်းအတွင်း မိုးဦးကျေးရွာက နန်းတုတ်အောက်ဘက်၊ ဖယ်ခုံအင်း မိုးဗြဲအင်းရေလမ်းကြောင်းအားလုံးဖြစ်ပြီး နောက်ထပ် တစ်စုံတစ်ရာထုတ်ပြန် အသိပေးမှုအချိန်အထိ အကျုံးဝင်တယ်လို့ ဖော်ပြပါရှိပါတယ်။