စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ တော်လှန်ပြည်သူတွေက အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြ သပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “ကြွေးကြော်ခြင်းထက် လက်တွေ့ကျင့်သုံးသော ဖက်ဒရယ်ကို အလိုရှိသည်” ၊ “မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ” အစရှိတဲ့ စာသားတွေ ကိုင်ဆွဲပြီး တော့ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြတာပါ။
ဆန္ဒပြသပိတ်ကို ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့အတူ အညာပစ်တိုင်းထောင် လေးများ ၊ Western Chindwin Association (WCA)တို့မှ ပူးပေါင်းပါဝင်အားဖြည့်ခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ဆိုရင် ပြည်သူလူထုထောက်ခံမှုဖြင့် တော်လှန်ရေးဦးဆောင်ခွင့်ရနေသာ အင်အားစုအသီးသီးက စစ်မှန်သော ဖက်ဒရယ်ကို လက်တွေ့ဖော်ဆောင်ဖို့လိုနေပြီဖြစ်ကြောင်း ပုလဲလူထုသပိတ်ကော်မတီက နှိုးဆော်တိုက်တွန်းထားပါတယ်။