မန္တလေး အမရ ပူရမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တွေမှာ အမျိုးသား ရုပ်အလောင်း ၂ လောင်းကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့ထံကသိရပါတယ်။
မတ်လ ၈ ရက်နဲ့ မတ်လ ၉ ရက်တွေမှာ အမရပူရမြို့နယ် ကျောက်မီးချောင်းနဲ့ မဟာအောင်မြေမြို့ နယ် သင်္ဂဇာချောင်းဘေးမှာတွေ့ခဲ့ရတာပါ။
အမရပူရ ကျောက်မီးချောင်းထဲမှာတွေ့ရတဲ့ရုပ်အလောင်းဟာ ချောင်းထဲ မျောပါလာတာလို့ မျက်မြင်တွေ့ခဲ့ရသူ ဒေသခံက ပြောပါတယ်။
“လယ်တွေကိုရေပေးချိန်ဆိုတော့ ချောင်းထဲမှာရေရှိနေတာ ၊ မျောလာတဲ့ပုံစံပဲ” အဲဒီ ဒေသခံကဆိုပါတယ်။
မတ်လ ၈ ရက်က မဟာအောင်မြေမြို့နယ် ၊ ၃၈ လမ်း ၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြား သင်္ဂဇာချောင်းဘေးမှာလည်း အမျိုးသား အလောင်း တွေ့ခဲ့ရတာပါ။
အမရပူရမြို့နယ်န ဲ့ မဟာအောင်မြေမြို့နယ် တွေမှာ ၂ ရက်ဆက်တိုက်တွေ့ခဲ့ရတဲ့ အမျိုးသား အလောင်းတွေဟာ သက်လတ်ပိုင်းအရွယ်တွေရှိကြပြီး ပြင်ပဒဏ်ရာမတွေ့ရဘူးလို့သိရပါတယ်။
မန္တလေးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၁ ဦးတို့ရဲ့အလောင်းတွေကိုတွေ့ရှိထားကြပါတယ်။