ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီ၏ နော်ရာစင်ခန်ဘွမ်တောင်စခန်းကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ယနေ့ သိမ်းပိုက်ရရှိကြောင်း KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီ နော်ဘူက ပြောဆိုသည်။
“ခယာဘွမ်တောင်စခန်းနဲ့ ဆက်စပ်နေတဲ့ နောင်ရာစင်ခန်ဘွမ်တောင်စခန်းကို ဒီနေ့ ထပ်မံ သိမ်းပိုက်ရရှိပါတယ်။ အဲဒီစခန်းမှာက အကြမ်းဖက် စစ်တပ်ရဲ့ ဗျူဟာမှူး ထိုင်တဲ့စခန်းဖြစ်ပါတယ်။ အခု ၃ ရက်အတွင်းမှာ ကျနော်တို့ သိမ်းပိုက်ရရှိတဲ့ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းတွေ အပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၂၀ နီးပါးရှိလာပါပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
လက်ရှိတွင် KIA အနေဖြင့် ကချင်ပြည်နယ်တစ်ဝန်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ ကချင်ပြည်နယ်တစ်ဝန်းတွင် တိုက်ပွဲများ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက အသိပေးပြောဆိုသည်။