စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က မြို့ပေါ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တစ်လအတွင်း ၂ကြိမ်ဆက် ပစ်ခတ်မီးရှို့ဖျက်ဆီးပြီး ပြည်သူ တဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာက ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ မတ် ၁၁ရက် မနက် ၆နာရီက မြို့ပေါ်ကျေးရွာကို အကြောင်းမဲ့ပြစ်ခတ်ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ပြည်သူ့ နေအိမ် ၁၃လုံးနဲ့ နွားတဲ၁၂လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်တပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ တဦး သေဆုံးခဲ့ရပြီး ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
” မုံရွာနယ်က ထွက်လာတဲ့ စကစတွေက ဘုတလင်မြို့နယ် မြို့ပေါ်ကျေးရွာကို ဒီမနက် ၆နာရီခန့်မှာ အကြောင်းမဲ့ပြစ်ခတ်ဝင်ရောက်မီးရှို့တာပါ။ ပြည်သူနေအိမ်၁၃လုံးနဲ့ နွာစာတိုက်/နွားတဲ၁၂လုံးမီးလောင်ဆုံးရှုံးရပါတယ်။ အပြစ်မဲ့ပြည်သူ၁ဦးသေဆုံးပြီးတော့ ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရ ယခုအကြိမ်နှင်ဆိုရင် ၅ကြိမ်မြောက်မီးရှို့ခြင်းဖြစ်ပါတယ်ဗျ” လို့ ဒေသခံ တဦးက ပြောပါတယ်။
အကြမ်းဖက် စစ်တပ်က ၂၀၂၄ ခုနှစ်အတွင်း နှစ်ကြိမ်ဆက် မီးရှို့ ဖျက်ဆီးတာလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်က မြို့ပေါ်ကျေးရွာကို ၂၀၂၂ခုနှစ် မေ ၁၃ရက်မှာ ပထမအကြိမ်မီးရှို့ခဲ့ပြီး နေအိမ် ၁၄လုံး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ရက်က နေအိမ် ၆လုံး၊ ၂၀၂၃ခုနှစ် ဇွန် ၂ရက်က ၉လုံး၊ ၂၀၂၄ခုနှစ်အတွင်း ဖေဖော်ဝါရီ ၁၈ရက်က နေအိမ် ၂၃လုံးနဲ့ မတ် ၁၁ရက်မှာ နေအိမ် ၁၃လုံးနဲ့ နွားတဲ ၁၂လုံး နေအိမ် စုစုပေါင်း ၆၅လုံးကို မီးရှို့ ဖျက်ဆီးခဲ့တာပါ။