ချင်းပြည်နယ် ၊ ဟားခါးမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်း တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force – Hakha က မတ် ၁၀ ရက် ညမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်သား တစ်ဦးက လက်နက်နဲ့ ခဲယမ်းတွေ ယူဆောင်လာပြီးတော့ မတ် ၁၀ ရက်မှာ အလင်းဝင်ရောက်လာခဲ့ တာလို့ ဖော်ပြထားတာပါ။
လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ အဆိုပါ ရဲတပ်သားကို CDF-Hakha က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း ဟားခါးမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်တကွအလင်းဝင်ရောက်လာတဲ့အတွက် CDF-Hakha က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပါသေးတယ်။