ဖားဆောင်း နှင့် ဘောလခဲမြို့ရဲစခန်းများမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ငါးဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ပြု လုပ် ၍ အလင်းဝင်ရောက်လာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)က ယ နေ့(မတ် ၁၂)ထုတ်ပြန်သည်။
CDM ပြုလုပ်၍ အလင်းဝင်လာသူများတွင် ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားသုံးဦး၊ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးဖြစ်ပြီး ၎င်းရဲတပ်ဖွဲ့ဝင်ငါးဦးကို လုံခြုံစိတ်ချရသည့် လွတ်မြောက်နယ်မြေတစ်နေရာသို့ ပို့ဆောင်ပြီးဖြစ် ကြောင်း ဖော်ပြသည်။
ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်လေးဦး အလင်းဝင်ရောက်လာရာတွင် AK -M22 သုံးလက်နှင့် G3 တစ်လက်၊ AK-M22 ကျည်ဘောက် ၁၀ ခု၊ AK ကျည် ၅၅၀ ခန့်၊ လက်ပစ် ဗုံး ၁၀ လုံး၊ G3ကျည်ဘောက် သုံးခု၊ G3 ကျည်ဆံ ၁၀၀ ခန့်နှင့်အတူ ဘော်လခဲPDF ထံသို့ မတ် ၃ ရက်တွင် CDM ပြုလုပ်ဝင်ရောက်ခိုလှုံခဲ့သည်ဟု အသိပေးသည်။
အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။
ပြီးခဲ့သည့်နှစ်(၂၀၂၃)ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန် တိုင်း၊ သန်လျင်မြို့အခြေစိုက် ရေတပ်သဘော်ကျင်းဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦးသည် Job For Kayah မှတဆင့် BPDF ထံဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ဖူးသည်။
“ဟုတ်ကဲ့ဗျ ကျနော်တို့ကတော့ (CDM)ဖိတ်ခေါ်ပါတယ်။ ဆက်လက်ပြီးကြိုဆိုပါတယ် ဆိုတဲ့အကြောင်း သတင်း
စကားပါးလိုပါတယ်”ဟု ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့်CDM ပြုလုပ်အလင်းဝင်လိုသော စစ်သားနှင့် ရဲတပ်သားများသည် မိမိတို့တပ်ဖွဲ့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပြီး မိမိတို့ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှကြို ဆိုလက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။