စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျေးရွာတခုမှာ နိုင်ငံအဝှမ်းလေကြောင်း တိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတယ်လို့ မုံရွာ,လူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
လေယာဥ်ဆီများဖြတ်တောက်ပေးပါရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုကို မတ်လ ၁၂ ရက်နေ့မှာ ဒေသခံ လူငယ်၊ကျောင်းဆရာ/ဆရာမ/ ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်းပြီး နိုင်ငံတကာအစိုးရများ သိရှိအောင် တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက “အကြမ်းဖက်စစ် တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရှုံချတယ်ဆိုရင် စစ်လေယာဉ်တွေ ပျံသန်းနိုင်အောင် မကူညီနဲ့၊ရပ်တန့်ပေးပါ “ လို့သပိတ်မှာ ပါဝင် လှုပ်ရှားနေတဲ့ လူငယ်တဦးက ပြောခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ကျေးရွာအတွင်းက ဦးဆောင်ခဲ့တဲ့ တက်ကြွလူငယ်များမှ လေယာဥ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှု သတင်းစကားများ ပါးခဲ့ကြောင်း နဲ့ လေယာဥ်ဆီဖြတ်တောက်ရေး ကြွေးကြော်သံများကိုလည်း ရပ်ရွာလူထုနဲ့အတူ ဟစ်ကြွေးခဲ့ပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။