တိုက်ပွဲ ပြင်းထန်လျက်ရှိသော ဖားဆောင်းမြို့အတွင်း ပိတ်မိနေသည့် ပြည်သူ ၁,၀၀၀ ခန့်ကို ကရင်နီပူးပေါင်း တပ်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ယနေ့ ထုတ်ပြန်သည်။
ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊ကလေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။
ဖေဖော်ဝါရီ ၂၉ ရက်က ဖားဆောင်းမြို့ရှိ စစ်ကောင်စီ တပ်စွဲနေရာများကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးနောက်
ဖားဆောင်းမြို့တွင်တိုက်ပွဲများပြင်းထန်နေသည်။စစ်ကောင်စီက လေကြောင်း အသုံးပြု၍ တန်ပြန်ဗုံးကြဲခဲ့ကာ ဘုန်ကြီးကျောင်းများအပါ အဝင် အရပ်သားနေအိမ်ရာနှင့်ချီမီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မတ်လ ၃ ရက်ကစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့မှ စစ်ရှောင် အရပ် သားငါးဦးသေဆုံးကာ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိသည်စု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က အတည်ပြုသည်။
“လက်ရှိထိတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လိုက် လေယာဥ်နဲ့ဗုံးကြဲလိုက် လုပ်နေဆဲပဲ”ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ဖားဆောင်းမြို့တွင် စစ်ကောင်စီ အခြေစိုက်တပ် နှစ်ခုအနက် ခလရ(၁၃၅) ကို ကရင်နီပူးပေါင်းတပ်က သိမ်း ပိုက်ထားနိုင်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ကရင်နီပူးပေါင်းတပ်က တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
“ဖားဆောင်း မီးသတ်ကုန်းဘက်မှာ မနေ့ကတိုက်ပွဲဖြစ်တယ်။စကစ ဘက်က လေကြောင်းပစ်ကူသုံး တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဖာဆောင်းမြို့၊ တံတားလမ်းခွနှင့် စေတီတို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်စခန်းနေရာများကို သိမ်း ပိုက်ရာ သေနတ် ၁၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ကရင်နီပြည် ပြည်သူ့လွှတ်မြှောက့်ရေးတပ်မတော်(KPLA-ကလလတ) က မတ်လ ၉ ရက်တွင်ထုတ်ပြန်ထားသည်။