ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စစ်တပ်ကို လေယာဥ်ဆီ တင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင်တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ်ကို မတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူထုလှုပ်ရှားမှု သပိတ်ကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့ရောင်းချပေးနေသည့် ကုမ္ပဏီများကို ပိတ်ပင်တားဆီးပေးရန် တောင်းဆိုသည့် အနေနှင့် “USA, UK, EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar” ဆိုသည့် ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။