ကရင်နီပြည်ရဲဌာ၊ ယာဥ်ထိန်းဌာနခွဲမှ တာဝန်ရှိသူများက ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းနဲ့ ပက်သတ်ပြီး သင်တန်း ပေးခဲ့တယ်လို့ Karenni State Police-KSP မှ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ယာဥ်ထိန်းဌာနခွဲ တာဝန်ရှိသူများမှ ကရင်နီပြည် အမှတ် (၁) ရဲစခန်းသို့ သွားရောက် သင်တန်းပို့ချ ခဲ့တယ်လို့ မှတ်တမ်းပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
Karenni State Police ဟာကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီအောက်မှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နဲ့ ပြည်သူ ဝန်ဆောင်မှုများအတွက် ဆောင်ရွက်ပေးနေတဲ့ ရဲဌာန ၁ ခုဖြစ်တယ် လို့ အသိပေးဖော်ပြထားပါတယ်။