အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက စလိုဗက်ကီးယားနိုင်ငံ ၊ Bratislava မြို့မှာ ကျင်းပပြုလုပ်နေတဲ့ CEEasia Forum သို့ တက်ရောက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက CEEasia Forum ရဲ့ ဥရောပအာဆီယံဆက်ဆံရေး ပေါ်လစီအစည်းအဝေးကဏ္ဍသို့ ဖိတ်ကြားမှုကြောင့် တက်ရောက်ဆွေးနွေးခဲ့တာဖြစ်တယ် ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ လက်ရှိအခြေအနေများနဲ့ စပ်လျဉ်းပြီး ဥရောပသမဂ္ဂအနေနဲ့ ချမှတ်ထားတဲ့ မူဝါဒများအား အကောင်းဆုံးပုံစံ ချဉ်းကပ်သင့်တဲ့ အကြောင်း အရာတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးနဲ့အတူ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ၂ ဦးလည်း ပါဝင်ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
ဆွေးနွေးပွဲနဲ့ တဆက်တည်းမှာပဲ ပြည်ထောင်စုဝန်ကြီးက စလိုဗက်ကီးယားနိုင်ငံရဲ့ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။