စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စျေးတစ်ခုတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် ဒေသခံသပိတ်အင်အားစုများ ပူးပေါင်းပြီး စစ်ကောင်စီအား လေယာဥ်ဆီရောင်းချပေးခြင်းကို ချက်ချင်းရပ်တန့်ပေးရေး ယနေ့ (မတ်လ ၁၇) နံနက်၌ ချီတက်ဆန္ဒပြခဲ့သည်။
ဆန္ဒပြပြည်သူများက “စစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်၊ Ban Jet Fuels Exports To Myanmar Fascist Dictator” စသည့် စာသားများကို ကိုင်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး စျေးသူ၊ စျေးသား ပြည်သူများအား စစ်အာဏာရှင်ကို ဆန့်ကျင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန္ဒပြလျက်ရှိရာ ယနေ့တွင် ရက်ပေါင်း (၁၀၈၈) ရက်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။