စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် ‘ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးရေးသပိတ်သည် ” မတရားတဲ့စစ်မှုထမ်းဥပဒေ အလိုမရှိ ” စာသားကိုင်စွဲပြီး ချီ တက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုတွင် ကျောင်းသားပြည်သူလူထုက အကြမ်းဖက်စစ်အုပ်စု၏ ‘မတရားတဲ့ စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ‘ ကြွေးကြော်လမ်းလျှောက်သပိတ်နှင့်အတူ ထိုင်သပိတ်ပါ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။