အမေရိကန်ပြည်ထောင်စု New York City တွင် NYCBC အဖွဲ့က နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါရန်ပုံငွေဈေးရောင်းပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်အားပေးပြီး တော်လှန်ထောက်ပို့ ပြည်သူများကို ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း၊ မြန်မာအစားအသောက်နှင့် လက်ဆောင်မျိုးစုံရောင်းချသော ရန်ပုံငွေဈေးရောင်းပွဲတွင် မြန်မာ့ရိုးရာသင်္ကြန်အငွေ့အသက်များကို အမှတ်ရစေရန် ရည်ရွယ်ပြီး တော်လှန်သင်္ကြန်အစီအစဉ်နှင့်အတူ တော်လှန်ရေးတေးဂီတအစီစဉ်များလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရှိရသည်။